Knowledge Sharing Lecture for Business Entrepreneurship

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ ဖိတ်ကြားချက်အရ မုံရွာစီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဒေါက်တာစုမြတ်အေး၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)သည် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား/သူများ၏ ပရောဂျက်များဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ “Knowledge Sharing Lecture for Business Entrepreneurship”  ကို (၆-၂-၂၀၂၄)၊ (၁၃-၂-၂၀၂၄)နှင့် (၂၀-၂-၂၀၂၄)ရက်နေ့များတွင်
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် လာရောက်ပို့ချပေးခဲ့ပါသည်။ ဌာနမှူးနှင့်အတူ ဆရာမဒေါ်ညိုနှင်းထွေး (နည်းပြ)မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။ Game Activities နှင့် အမေးအဖြေကဏ္ဍများတွင်လည်း ကျောင်းသား/သူများမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဖြေဆိုခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း Business Lecture များ လာရောက်ပို့ချပေးခဲ့သည့် ဆရာမများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။