အခြေခံကွန်ပျူတာသင်တန်း (အပတ်စဉ်-၃)၊ ပိုင်သွန်အခြေခံသင်တန်းနှင့် သင်တန်းရေးရာလုပ်ငန်းများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းများ၏ အောင်လက်မှတ်ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ အခြေခံကွန်ပျူတာသင်တန်း(အပတ်စဉ်-၃)၊ ပိုင်သွန်အခြေခံသင်တန်းနှင့် သင်တန်းရေးရာလုပ်ငန်းများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းများ၏ အောင်လက်မှတ်ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို (၂၁.၁၂.၂၀၂၃) ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် တက်ရောက်ခဲ့ကြသော အခြေခံကွန်ပျူတာသင်တန်း (အပတ်စဉ်-၃) မှ ကျောင်းသား/သူ (၁၄)ဦး၊ ပိုင်သွန်အခြေခံ သင်တန်းမှ ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/သူ (၁၉) ဦး နှင့် သင်တန်းရေးရာလုပ်ငန်းများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းမှသင်တန်းသား/သူ (၇) ဦး အား အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။