သင်တန်းရေးရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း/ ထိန်းသိမ်းခြင်းများ လက်ဆင့်ကမ်းပြသပေးခြင်းဆိုင်ရာသင်တန်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) တွင် သင်တန်းရေးရာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျှက် သင်တန်းရေးရာဆိုင်ရာမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းခြင်း၊ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် သင်တန်းရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ကို (၃၁.၁၀.၂၀၂၃) ရက်နေ့မှစတင်ပြီး (၃၀.၁၁.၂၀၂၃) ထိ ရုံးဖွင့်ရက်များတွင် ညနေ (၃) နာရီမှ (၄) နာရီထိ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှ ဌာနကြီးမှူး(စီမံ/ဘဏ္ဍာ) က ၎င်း၏ လုပ်ငန်းအတွေ့အကြုံများ ဖလှယ်ခြင်း၊ အသိပညာများလက်ဆင့်ကမ်းပြန့်ပွားခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ရာ သင်တန်းရေးရာဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။