(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများကျင်းပခြင်း

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများကို (၁၂-၂-၂၀၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများတွင် သံပုရာသီးဇွန်းကိုက်ပြေး(မ)၊ အာလူကောက်ပြေး(မ)၊ ဖယောင်းတိုင်မီးထွန်းပြေး(ကျား/မ)၊ စုံတွဲ အပ်ချည်ထိုးပြေး၊ ပူဖောင်းဒူးညှပ်ပြေး(ကျား/မ)၊ ကုလားထိုင်လု(ကျား/မ) နှင့် လွန်ဆွဲ(ကျား/မ) ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲများတွင် ကျောင်းသား/သူများနှင့် ဝန်ထမ်းများမှ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ပါသည်။