ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် ထမနဲထိုးပြိုင်ပွဲကို (၂၃-၂-၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူများမှ  အဖွဲ့(၅)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ အဖွဲ့(၁)တွင် ပထမနှစ်မှ ကျောင်းသား/သူများ၊ အဖွဲ့ (၂)တွင် ဒုတိယနှစ် (First Semester)မှ ကျောင်းသား/သူများ၊ အဖွဲ့(၃)တွင် ဒုတိယနှစ် (Second Semester)မှ ကျောင်းသား/သူများ၊ အဖွဲ့(၄)တွင် တတိယနှစ်မှ ကျောင်းသား/သူများနှင့်၊ အဖွဲ့(၅)တွင် စတုတ္ထနှစ်နှင့် ပဉ္စမနှစ်မှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အဖွဲ့များကိုလည်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။