“International Girls in ICT Day – 2024” အထိမ်းအမှတ် စကားဝိုင်း‌ဆွေးနွေးပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ “International Girls in ICT Day – 2024” အထိမ်းအမှတ် စကားဝိုင်း‌ဆွေးနွေးပွဲ အခမ်းအနားကို (၈-၅-၂၀၂၄) ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းတွင် ကျောင်းသူ(၅)ဦးမှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှလည်း သိလိုသည့်မေးခွန်းများကို ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူများကို ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ် တို့မှ အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။