ဆဌမအကြိမ် Project ပြပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၏ ဆဌမအကြိမ် Project ပြပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်၊ အင်္ဂါနေ့ တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ Project ပြပွဲတွင် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ဖန်တီးပြုလုပ်ထားသော Software Project (၁၅) ခု နှင့် Hardware Project (၈) ခု ကို ခင်းကျင်းပြသခဲ့ပါသည်။