(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများကျင်းပခြင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို (၃-၁-၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊
(၄-၁-၂၀၂၅) ရက်နေ့တွင် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ အပြေး(မီတာ ၄၀၀)၊ ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ ထိုင်ခုံလု၊ သံပုံးရိုက်၊ သံပုရာသီးဇွန်းကိုက်၊ အပ်ချည်ထိုး(နှစ်ယောက်တွဲ) နှင့် ဖရောင်းတိုင်မီးထွန်းပြေး စသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား/သူများနှင့် ဝန်ထမ်းများမှ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ပါသည်။