၂၀၂၃-၂၀၂၄/၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မိုးရာသီအားကစားပြိုင်ပွဲတွင် ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲကို (၂၂.၇.၂၀၂၄) မှ (၂၅.၇.၂၀၂၄) ထိ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသားများမှ Team(A)၊ Team(B) ၊ Team(C) ၊ Team(D) နှင့် Team(E) အမည်နှင့် အဖွဲ့(၅)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပထမဆုကို Team(B) အဖွဲ့၊ ဒုတိယဆုကို Team(E) အဖွဲ့၊ တတိယဆုကို Team(D) အဖွဲ့မှ ဆုများအသီးသီးရရှိခဲ့ကြပါသည်။ ဆုရရှိခဲ့ကြသည့် အဖွဲ့များကိုလည်း ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် နှင့် ဌာနမှူးဆရာ/မများမှ ဆုများချီးမြှင့်ခဲ့ပါသည်။