ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နံရံကပ်ပိုစတာ ပြပွဲ နှင့် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို (၁၆-၈-၂၀၂၄) ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နံရံကပ်ပိုစတာ ပြပွဲတွင် ဆရာ/မများ၊ ကျောင်းသား/သူ များမှ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး နှင့် နံရံကပ်ပိုစတာများ ပါဝင်ရေးသားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင်လည်း ကျောင်းသား/သူ(၄)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။