e-Government လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်း အပတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီး e-Government စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သော e-Government လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်း အပတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၈.၄.၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။