စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီး e-Government စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သော e-Government လူ့ စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်း အပတ်စဉ်(၂) ကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) တွင် (၂၈.၄.၂၀၂၅) ရက်နေ့ မှ (၂၈.၅.၂၀၂၅) ရက်နေ့ထိ သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၆.၆.၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ထူးချွန်သင်တန်းသား/သူများကိုလည်း ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။