ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို မုံရွာတက္ကသိုလ်၊ ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး၊ ဒေါက်တာဌေးဌေး မှ ပြည်သူ့လွှတ်တော်ရွှေးကောက်ရေးဥပဒေ နှင့် အချိုးကျကိုယ်စားပြုခြင်းစနစ် ဆိုင်ရာ အကြောင်းအရာများသိရှိစေရန် ရည်ရွယ်၍ (၁၇.၇.၂၀၂၄) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း ဥပဒေဆိုင်ရာအသိပညာများ လာရောက်ဟောပြောပေးခဲ့သည့် ဆရာမအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။