အဋ္ဌမအကြိမ် ပရောဂျက်ပြပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၏ အဋ္ဌမအကြိမ် ပရောဂျက်ပြပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ၁၂ ရက်၊ သောကြာနေ့ တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ Project ပြပွဲတွင် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ဖန်တီးပြုလုပ်ထားသော Hardware Project (၁၀) နှင့် Software Project (၄၁) ခု တို့ကို ခင်းကျင်းပြသခဲ့ပါသည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Hardware ပရောဂျက်များတွင် ပထမဆု-Smart Wheelchair for Disabled Person၊ ဒုတိယဆု-Innovative Water Recycling for Clean Water၊ တတိယဆု-Dancing Robot နှင့် Software ပရောဂျက်များတွင် ပထမဆု-Tour Directory ၊ ဒုတိယဆု-Dhamma Learner၊ တတိယဆု-Security Alert System၊ အထူးဆု(၁)-Pay Roll System နှင့် အထူးဆု(၂)- Rice Harvest Service App စသည့် ခေါင်းစဉ်များနှင့် ဆုများရရှိခဲ့ပါသည်။ ဆုရရှိခဲ့ကြသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် နှင့် ဌာနမှူးဆရာ/ဆရာမများ မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။