သတ္တမအကြိမ် တီထွင်ဖန်တီးမှုပြပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၏ သတ္တမအကြိမ် တီထွင်ဖန်တီးမှုပြပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ Project ပြပွဲတွင် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ဖန်တီးပြုလုပ်ထားသော Hardware Project (၈) နှင့် Software Project (၂၅) ခု ကို ခင်းကျင်းပြသခဲ့ပါသည်။ သတ္တမအကြိမ် တီထွင်ဖန်တီးမှုပြပွဲ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ Hardware ပရောဂျက်များတွင် ပထမဆု-Seed Planting Machine၊ ဒုတိယဆု-Smart Bridge using Arduino၊ တတိယဆု-Arduino Based Gesture Controlled Robot နှင့် Software ပရောဂျက်များတွင် ပထမဆု-Cross Platform Voting Application ၊ ဒုတိယဆု-Random Timetable Generator for Academic Field ၊ တတိယဆု-Agricultural Support System ခေါင်းစဉ်များနှင့် ဆုများရရှိခဲ့ပါသည်။ ဆုရရှိခဲ့ကြသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် နှင့် ဌာနမှူးများ မှ ဆုများ ချီးမြှင့်ခဲ့ပါသည်။