လျှပ်စစ်သုံးယာဉ်(EV) မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ လျှပ်စစ်သုံးယာဉ်(Electrical Vehicle-EV) မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေး‌ဟောပြောပွဲ အား (၂၄.၁၂.၂၀၂၄) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း လျှပ်စစ်သုံးယာဉ်(EV) များနှင့် စပ်လျဉ်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာစနစ်များအား ‌လာရောက်ဟောပြောပို့ချပေးခဲ့သည့် မီးသတ်ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး အား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။