ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ အား (၁၇-၁-၂၀၂၅) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် စပ်လျဉ်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို လာရောက်ဟောပြောပို့ချပေးခဲ့သော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးနှင့် ပံ့ပိုးကူညီပေးသည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။