ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်သား/ကျောင်းသူများ၏ မြတ်ဆရာပူဇော်ကန်တော့ပွဲ၊ ဆုပေးပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနား

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ပထမနှစ် မှ မဟာတန်းအထိ ကျောင်းသား/ကျောင်းသူများက ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပညာသင်ကြားပေးသော ဆရာ/ဆရာမများအား ပူဇော်ကန်တော့ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပထမနှစ် မှ ပဥ္စမနှစ်ထိ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်များ ချီးမြှင့်ခြင်း နှင့်၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ပဥ္စမနှစ်ကျောင်းသား/ကျောင်းသူများအား နှုတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၄) ရက်၊ စနေနေ့တွင် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။